မချမ်းဘောမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးအတွက် အသိပေးနှိုးဆော်ခြင်း Mask Campaign များ ပြုလုပ်

မချမ်းဘော ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် Mask Campaign ပြုလုပ်ခြင်းကို စည်ပင်သာယာမြို့မဈေး၌ ယနေ့နံနက် ၇ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသ‌ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးကော်မတီ၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် မြို့နယ် ပြန်/ဆက်ဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော(ပြန်/ဆက်)