ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-5 Sinovac (ဒုတိယအကြိမ်) နှင့် Phase-7 Sinovac - (ပထမအကြိမ်) များ ထိုးနှံပေး

ဂွ ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့ နံနက်ပိုင်း၌ Phase-5 အဖြစ် ၂၀၂၁ ခုနှစ် (ဒီဇင်ဘာလ (၁၃ရက်၊ ၁၄ရက်)များတွင် (Sinopharm-ပထမအကြိမ်) ထိုးထားပြီး ဒုတိယ အကြိမ်ထိုးရန်ကျန်သော ပြည်သူများ၊ (ဒီဇင်ဘာလ (၁၅ ရက်နေ့မှ ၁၇ ရက်နေ့များအထိ) (Sinovac - ပထမအကြိမ်) ထိုးထားပြီး ဒုတိယအကြိမ် ထိုးရန်ကျန်သော ပြည်သူများအား လည်းကောင်း၊ Phase – 6 အဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်၊ (၁၈)ရက်များတွင် (Covishield - ပထမအကြိမ်) ထိုးထားပြီး ဒုတိယအကြိမ် ထိုးရန်ကျန်သော ပြည်သူများအား လည်းကောင်း၊ Phase – 7 အဖြစ် ဆေးထိုးရန် ကျန်ရှိနေသေးသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတွင် (Sinovac- ပထမအကြိမ်) ကိုလည်းကောင်း ဆေးထိုးစုရပ် ၃ ခုလုံး ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ်ခန်းမ တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Phase-5 (Sinovac) ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုပေးမှုကို  ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်း(၂)ဦး၊ Supermarket/ စျေး(၁၀)ဦး၊ အခြား ဝင်ငွေရ(၆၂)ဦး၊ အခြား/မိသားစု/မှီခို (၄)ဦး စုစုပေါင်း (၇၈)ဦးတို့က လာရောက်ထိုးနှံကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား Phase - 7 (Sinovac - ပထမအကြိမ်) ထိုးနှံပေးမှုကို အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆၃)ဦး စုစုပေါင်း (၆၆)ဦးတို့က လာရောက်ထိုးနှံခဲ့ကြကြောင်းနှင့်  ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန် ကျန်းမာရေးအခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်