ကျွန်းလှ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။