နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၇၈၂)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၄၇၈၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိ

အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြို့နယ်မှသည် ကျန်းမာသန်စွမ်းသော အရည်အချင်းပြည့်မီသည့် ထူးချွန်အားကစားသမားများ ဖော်ထုတ်နိုင်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၆၃)ဦး ဝင်ရောက်ဖြေဆိုမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် လျှောက်လွှာ တင်သွင်းထားသည့် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၆၃) ဦးရှိကြောင်း သိရသည်။

နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)အချိန်က ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းမှ နာဂဒေသနှင့် နယ်စပ်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ​ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များ ကို ဆောင်ရွက်ခဲ့ကြ သည်။

ပိုင်ကျုံမြို့ အ.ထ.က‌ကျောင်းတွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးများ စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ပိုင်ကျုံအ.ထ.ကကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင် သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၈နာရီခွဲက ဝက်ဝံယာယီ ပျံကျဈေး၊ မြို့မဈေး၊ လမ်းမတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံမီးပွိုင့်အနီးနှင့် နမ့်ပေါ့ ချောင်းတံတား အနီးတို့တွင် အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ​လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်​နေ့ ​နေ့လယ် ၂ နာရီက ​သောင်ပြင်​ကျေးရွာ အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပ​​ခဲ့​ကြောင်း သိရသည်။ ​​

ဒိုက်ဦးမြို့နယ်၌ နွေစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း (ACLC) သိုလှောင်ရုံ၌ ယနေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက် တောင်သူများအား ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ပဲတီစိမ်းစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ ဝမ်းစာဖူလုံသည့်အပြင် အပိုဝင်ငွေ တိုးပွားစေရန် သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပဲတီစိမ်း စိုက်ခင်း စံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့က ကော့မုပွန်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
Subscribe to