မအူပင်မြို့နယ် စိမ်းမြကန်သာဘုရားတွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိမ်းမြကန်သာဘုရားတွင် မြို့သန့်ရှင်း သာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၇နာရီအချိန်က မအူပင်မြို့ စိမ်းမြကန်သာဘုရားတွင်စုပေါင်း သန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့ အထက်တန်းကျောင်း၌ Mask လှူဒါန်းခြင်းနှင့် Mask အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ​ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းများအတွက် mask များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ် ၁၀ နာရီခွဲတွင် မချမ်းဘော အထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​​ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပူးပေါင်းအဖွဲ့မှ စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ​ပြောင်း (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းအဖွဲ့ စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်များမှ မော်တော်ယာဉ်များ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျှက်ရှိသော တောင်ဇင်းအုပ်စု တံခါးညီအမတဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ ရာလ်ဒေါန်းဈေးနှင့် ဗိုလ်ချုပ်လမ်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ရာလ်ဒေါန်းဈေးနှင့် ဗိုလ်ချုပ်လမ်းတွင် ယနေ့ နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

မိုင်းဖြတ်မြို့နယ်၌ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ် မိုင်းဖြတ် ဖေဖော်ဝါရီ ၂၆ သန်းထွန်းအေး

ငရုတ်ကောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငရုတ်ကောင်းမြို့ (66kv) လျှပ်စစ်ဓာတ်အားခွဲရုံမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်းကို (66-kv) လျှပ်စစ်ဓာတ်အားခွဲရုံဝန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to