ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၉) ရပ်ကွက်၊ အမှတ်(၅) စည်ပင် သာယာဈေးတွင် အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။