ဟားခါး ဖေဖော်ဝါရီ ၂၆
ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ရာလ်ဒေါန်းဈေးနှင့် ဗိုလ်ချုပ်လမ်းတွင် ယနေ့နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ကြပြီး ရာလ်ဒေါန်းဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် ဗိုလ်ချုပ်လမ်းရှိ လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask (၇၀၀) နှင့် အသိပညာပေး လက်ကမ်းစာစောင် (၇၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(မောင်တက်လမ်း)