မချမ်းဘော ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းများအတွက် mask များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ် ၁၀ နာရီခွဲတွင် မချမ်းဘော အထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပစ္စည်းကို မချမ်းဘောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များက ပေးအပ်ရာ မချမ်းဘောမြို့နယ် ပညာရေးမှူး ဒေါ်ဥမ္မာဆွေနှင့် အထက မချမ်းဘောကျောင်းအုပ်ဆရာကြီး ဦးညီညီစိုး က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေး ဌာနမှ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါကာကွယ်ရေး နည်းလမ်းများကို ကျောင်းသား/သူများအား ရှင်းပြပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)