ညောင်ရွှေမြို့၌ Mask တပ်ဆင်ခြင်းမရှိဘဲသွားလာကြသော ပြည်သူများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ရှောင်တခင်စစ်ဆေး

အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မမင်္ဂလာဈေးမီးပွိုင့်နှင့် မြို့အဝင် လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအကြောင်းဆွေးနွေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ကြီး ရွယ် အိုများဆိုင်ရာဥပဒေအကြောင်းအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်း က ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့ ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ် တံတား တည်ဆောက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေ လွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ/ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ် သမားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန် ပြပွဲ/ပြိုင်ပွဲ ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ အောင်သာယာရပ် တောင်သူ ဦးတင်ဝင်းနေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ပဲစိုက်တောင်သူများ ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံများ ရိတ်သိမ်းရချိန် ပဲများ ရောင်းချရာတွင် ယခင်နှစ်များထက် ဈေးပိုရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service (YPS) စနစ် အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ကောက်ခံသွားမည်

YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာနေကြသည့် ခရီးသွား ပြည်သူများအနေဖြင့် ယာဉ်စီးခပေးချေရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် Yangon Payment Service (YPS) ကတ်စနစ် အသုံးပြုပြီး ခရီးအကွာအဝေး အလိုက် ယာဉ်စီးခပေးချေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

မိမိရပ်ရွာဒေသတွင် ယခုထက်မကသော တည်ငြိမ်အေးချမ်းမှုများ ရရှိအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်အသိပညာပေးလှုံဆော်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူများအား နှာခေါင်းစည်းmask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအသင်းများ ပူးပေါင်း၍ မုဆိုး ကျွန်းကျေးရွာ၊ အံကရဲကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to