သာပေါင်း ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်း မင်းထွဋ် ဦးဆောင်၍ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပူးပေါင်းအဖွဲ့ စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်များမှ မော်တော်ယာဉ်များ စစ်ဆေးခြင်းများကို ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ Mask Campaign ပူးပေါင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ တပ်မတော်စစ်သည်များ၊ ရဲတပ်ဖွဲ့များ၊ ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ခရီးသွား၊ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး လှည့်လည် အသိပေးနှိုးဆော်ကြပြီး ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံလမ်းမများ၊ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်များ၊ ပုသိမ်-သာပေါင်း ကားလမ်းမတွင် မော်တော်ယာဉ်များ စနစ်တကျ စည်းကမ်းချက်များနှင့်အညီ သွားလာကြရန် လှည့်လည် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပြီး ပြည်သူများအား Mask အခု (၅၀၀)ခန့် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း