မအူပင် ဖေဖေါ်ဝါရီ ၂၆
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိမ်းမြကန်သာဘုရားတွင် မြို့သန့်ရှင်း သာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၇နာရီအချိန်က မအူပင်မြို့ စိမ်းမြကန်သာဘုရားတွင်စုပေါင်း သန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး အမှိုက်များရှင်းလင်းခြင်း ပြုလုပ်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ခြုံနွယ်များရှင်းလင်းခြင်း၊ မြက်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များရှင်းလင်းခြင်းစသည့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)