ငရုတ်ကောင်း ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငရုတ်ကောင်းမြို့ (66kv) လျှပ်စစ်ဓာတ်အားခွဲရုံမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်းကို (66-kv) လျှပ်စစ်ဓာတ်အားခွဲရုံဝန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငရုတ်ကောင်းမြို့၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်က မီးလောင်ကျွမ်းမှု အကြောင်းအရင်းများ၊ မီးကိုဂရုစိုက်စွာ အသုံးပြုစေခြင်း၊ မီးငြှိမ်းသတ် နည်းစနစ်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။
ပြီးနောက် ငရုတ်ကောင်းမြို့ (66-kv) လျှပ်စစ်ဓာတ်အားခွဲရုံရှိ တာဝန်ရှိသူနှင့် ဝန်ထမ်းများအား လက်တွေ့မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးငြှိမ်းသတ်နည်းများကို လေ့ကျင့်ဆောင်ရွက် သရုပ်ပြသခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ သတ်မှတ်ထားသည့် အတိုင်း ပြင်ဆင်ထားရှိမှုတို့ကို စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)