ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဝေါ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၁)နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း (အောင်ချမ်းသာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ သိသင့် သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါပုံပြင်စာအုပ်များ၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များအားဖတ်ရှုစေခြင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူး နံရံကပ် စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)