ရွှေကျင်မြို့နယ်၌ ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေး စစ်ပေးခြင်းလုပ်ငန်းဆောင်ရွက်

ရွှေကျင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပငမခရိုင်၊ ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ၏ မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား အမြင်အာရုံစစ်ဆေးပေးခြင်း၊ အမြင်အာရုံချို့တဲ့သူများ၊ မျက်စိစွေခြင်းရှိသူများအား ရှာဖွေဖော်ထုတ်ကာ လွှဲပြောင်းညွှန်းပို့ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)