ရေနံချောင်း အောက်တိုဘာ ၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆားတိုင်ကျေးရွာအခြေခံပညာမူလတန်း ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးရာ ဒေသခံပြည်သူ ၁၁၅ ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်အောင်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်လဝကမှူး ဦးသီဟထွန်းနှင့်ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များ အသိပညာပေး ဟောပြောဆွေးနွေးကာ အသက်(၁၀) နှစ်ပြည့်ပြီးသူ ၆၈ ဦး၊ (၁၈)နှစ် ပြည့်ပြီးသူ ၁၂ ဦး၊ လဲလှယ် ၇ ဦးနှင့် မိတ္တူ ၂၈ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၁၅ ဦးအား အထောက်အထားများစိစစ်ကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝကမှူးဦးသီဟထွန်းထံမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင် ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင် ရွက်ပေးလျက်ရှိရာ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားစီးဌာနမှ ရုံးပိတ်ရက်မရှိဆောင် ရွက်ပေးသည့်အပြင် ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာန ရုံးမှ သိရသည်။
ရေနံချောင်း