ကလိန်အောင်မြို့တွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

ကလိန်အောင် အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိဘ၊ ဆရာ၊ ဆရာမများနှင့် ထိတွေ့ဆက်ဆံရာတွင် ကူးစက်မြန် သော ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမရှိဘဲ ကောင်းမွန်စွာ ပညာသင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ အသက် (၁၂) နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အား ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရေဖြူမြို့နယ် မြို့နယ် ပညာရေးမှူး ဦးမောင်ညို၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးထွန်းနိုင်နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအား VMIS သို့ စာရင်းရေး သွင်းခြင်း လုပ်ငန်းစဉ်အကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော ဆရာ၊ ဆရာမ များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်း ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန် / ဆက်)