နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၆ဦးထပ်မံတွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌Pilot Project အစီအစဉ်အရ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်၊ စေတနာမွန်၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ကံကြီကျေးရွာအုပ်စုတွင် လူဦးရေ (၄၄)ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခဲ့ရာ (၁၆)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။