လောင်းလုံး အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီ အချိန်၌ အသက် (၁၂) နှစ်နှင့်အထက် အခြေပခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအား VMIS သို့ စာရင်းသွင်းခြင်း လုပ်ငန်းစဉ်နှင့်ပက်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်မှ ပြောကြားရာတွင် ကျောင်းများပြန် ဖွင့်ချိန်၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိဘ၊ ဆရာ၊ ဆရာမများနှင့် ထိတွေ့ရာတွင် ကူးစက်မြန်သော ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမရှိဘဲ ကောင်းမွန်စွာ ပညာသင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဦးစားပေးအနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးမု ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ် ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအား VMIS သို့ စာရင်းရေးသွင်းခြင်း လုပ်ငန်းစဉ်ကြောင်း ရှင်းလင်းပြကာ တက်ရောက်လာသော ဆရာ၊ ဆရာမ များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရှိရသည်။
သူရ