တောင်သာ အောက်တိုဘာ ၆
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ပါး သက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီခွဲ အချိန်တွင် မြို့မရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လ ံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာစေရန်အတွက် ကျန်မာရေး ဦးစီးဌာနသို့ သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ပိုပြီး အန္တရာယ်များကြောင်းနှင့် ရောဂါအကောင်း ဆုံး ကာကွယ်ဖို့ နည်းလမ်းတွေကတော့ စနစ်တကျ လက်မဆေးပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တက်နိုင် သလောက် မိမိလက်နဲ့ မျက်နှာကို မထိတွေ့စေဖို့ သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ် စားသုံးပါ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရ သည်။
တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကရင်တိုင်းရင်းသား ဘာသာစကား ဖြင့်လည်း ပြည်သူများအတွက် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)