မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုများကို ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာ ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်ဆော်ဩမှု ပြုလုပ်ခဲ့သည်။