မန်စီမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၂၁-၂ဝ၂၂ ခုဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းစက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းစက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ် ရေးစခန်း၊ ဓမ္မဏ္ဍိုင်ဘုန်းကြီးကျောင်း၊ ကွန်းတာင်နှင့် အလယ်ချောင်းဘုန်းကြီးကျောင်း တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းတို့တွင်(ယာယီ)ခိုလှုံနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့၊ နံနက် (၉)နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ စတင်ကာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ရုံးနှင့် ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ထိုးနှံ ပေးလျှက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူ(၅၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီမှနေ့လယ်(၁)နာရီအထိ တက္ကသိုလ်ဓမ္မာရုံတွင် ကျား (၈၇)ဦး၊ မ(၇၃)ဦး၊ ပေါင်း(၁၆၀)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၃၁)ဦး၊မ(၄၄)ဦး၊ပေါင်း(၇၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၇၉)ဦး၊ မ(၁၂၆)ဦး၊ ပေါင်း(၂၀၅)ဦး နှင့် အထက(၂)တွင် ကျား(၆၄)ဦး၊ မ(၉၁)ဦး၊ ပေါင်း(၁၅၅)ဦး စသည့်သတ်မှတ်နေရာ(၄)ခုတွင် ကျား(၂၆၁)ဦး၊ မ(၃၃၄)ဦး၊ ပေါင်း(၅၉၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ပင်လယ်လိပ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းကွင်းဆင်းစစ်ဆေး

ပင်လယ်လိပ်ဥများစားသုံးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် လိပ်ထိန်းသိမ်းရေး အဖွဲ့(kisca)တိုပူးပေါင်း၍ ပင်လယ်လိပ်ဥများတွေ့ရှိသည့် ဂျိုင်ကြီးကျေးရွာသို့ ယမန် နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်တွင် စက်တင်ဘာလ(၂၀)ရက်နေ့မှအောက်တိုဘာလ(၅)ရက်နေ့ထိကိုဗစ်ကာကွယ်ဆေးထိုးနှံသူ(၈၆၃၄) ဦးပြီးစီး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့်ရောဂါပိုးကူးစက် ပြန့်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်ပြီးစုရပ်(၃)ခု ၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုစက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၈၆၃၄)ဦးရှိကြောင်း သိရသည်။

မင်းပြားမြို့၌ ကုတင် ၁ဝဝ ဆေးရုံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက်အကြံပြုဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ စုပေါင်းပြီး မင်းပြား မြို့ရှိ ကုတင် (၅ဝ) ဆေးရုံအား ကုတင် (၁ဝဝ) ဆေးရုံကြီးအဖြစ် တိုးချဲ့ ဖွင့်လှစ်နိုင်ရေး အတွက်ဆွေးနွေးပွဲကို ယမန်နေ့ကအမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အစည်းအဝေး ခမ်းမ၌ကျင်းပပြုလုပ်သည်။

ရေဦးမြို့တွင် အောက်ဆီဂျင်ထုတ်စက် စတင်စမ်းသပ်လည်ပတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စက်မှုလယ်ယာရုံး၀င်းအတွင်းယာယီတည်ဆောက်ထားသော အောက်ဆီဂျင်ထုတ်စက်ကို ယနေ့ နံနက်ပိုင်းက စတင်စမ်းသပ်လည်ပတ်နေပြီဖြစ် ကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် စက်တင်ဘာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေမှ ကျပ်သန်း(၄၀၀)ကျော် ပြန်လည် ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ စက်တင်ဘာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ မှကျပ်သန်း (၄၀၀)ကျော် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၈)ရွာရှိ ‌အိမ်ထောင်စု (၁၁၁၅)စုကို ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ကျပ်သန်း(၄၂)သန်းမှ အများဆုံးကျပ်သန်း (၆၄)သန်းအထိ စုစုပေါင်းကျပ်သန်း(၄၀၀)ကျော်ကို စက်တင်ဘာလအတွင်း စီမံကိန်းရန်ပုံငွေမှ ပြန်လည်ထုတ် ပေးခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ် ထားသော တိုက်ပွဲရှောင်စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိနေကြသည့် ကျေးရွာအသီးသီးမှ အသက်(၁၈)နှစ်အထက်ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinop harm)ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to