အောင်လံမြို့နယ်၌ အလယ်တန်းနှင့် အထက်တန်းကျောင်းများအလိုက် အသက်(၁၂)နှစ် ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအလိုက် အသက်(၁၂)နှစ်ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကုန်ကျစရိတ်သက်သာသော ဘုရားပန်းများ စိုက်ပျိုးကာ စားဝတ်နေရေး အတွက် အဆင်ပြေလျက်ရှိသော်လည်း မိုးများသည့်အတွက် စိုးရိမ်နေရ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးခရိုင်၊ မြို့သစ်မြို့နယ်ဆင်ဖြူချီအုပ်စု ထန်းရင်ကျေးရွာ၊ မကြီးကုန်းလေးကျေးရွာများရှိ တောင်သူများအနေအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အဓိက စိုက်ပျိုးလျက်ရှိသော ဘုရားပန်းဖြစ်သည့် ရေမွှေးပန်းစိုက်ခင်းကို နွေ၊ မိုး ၊ ဆောင်း ရာသီအချိန်များတွင် နားရက်မရှိ မြေဆီမြေသြဇာပတ်ဖြန်းကာ စိုက်ပျိုးလျက်ရှိသည်။

ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာ၊ ရခိုင်ဘာသာဖြင့် ၂မျိုးဖြင့် အသိပေးနှိုးဆော်

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့်လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း၍ အမှတ်(၃)ရပ်ကွက်ဈေးများ နှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် တတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၉ နာရီက တတိယ အသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား အောက်တိုဘာ(၄)ရက်နေ့တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ပရိယတ္တိ ပရိပတ္တိ သာသနာ့အကျိုးကို သယ်ပိုးထမ်းဆောင်နေကြသည့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော်များနှင့် ရဟန်းသာမဏေများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်းကိစ္စနှင့်ပစ္စည်းလေးပါး အခက်အခဲ မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ခံစားရပြီး ပြန်လည်ကျန်းမာလာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ် ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ခံစားရပြီး ပြန်လည်ကျန်းမာလာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ် ဆောင်ရွက် မြောင်းမြ စက်တင်ဘာ ၃ စန္ဒာကြည်(ခရိုင်ပြန်/ဆက်)

သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူတစ်ဦး၏ ရင်တွင်း စကားသံ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ် ရပ်ကွက်/ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။ သထုံမြို့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူတစ်ဦး၏ စကားသံများကိုလည်း ပြန်လည်မျှဝေ ဖော်ပြအပ်ပါသည်။
Subscribe to