ပုဏ္ဏားကျွန်း ၊ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းစက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ် ရေးစခန်း၊ ဓမ္မဏ္ဍိုင်ဘုန်းကြီးကျောင်း၊ ကွန်းတာင်နှင့် အလယ်ချောင်းဘုန်းကြီးကျောင်း တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းတို့တွင်(ယာယီ)ခိုလှုံနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့၊ နံနက် (၉)နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါတိုက်ပွဲရှောင်ကယ်ဆယ်စခန်းများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ ကြီးကြပ်ပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ရန် လာရောက်ကြသည့်ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်း၊ အောက်ဆီဂျင်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြ ပြီးမှ ကာကွယ်ဆေးအားဆက်လက် ထိုးနှံပေးခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့ စက်မှုဇုံ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း၊ ဓမ္မဏ္ဍိုင်ဘုန်းကြီးကျောင်း၊ ကွန်းတာင်နှင့်အလယ်ချောင်းဘုန်း ကြီးကျောင်း (ယာယီ)တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းတို့တွင်ယနေ့ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၃၄၂)ဦး ရှိပြီး၊ ဆက်လက်၍ အထက်သင်ပုန်းတန်း၊ ဗန်းဗွီး၊ ဖားကြွယ်၊ ခေမာရာမ (ဘုန်ကြီးကျောင်း)၊ ခွေးသေ၊ အလယ်ချောင်း (ဘုန်းကြီးကျောင်း)၊ ယိုးငူ(ဘုန်းကြီးကျောင်း)၊ အထက်မြတ်လှဲနှင့် သြရမကျေးရွာဆွေမျိုးနေ အိမ်များတွင်(ယာယီ)လာ ရောက်ခိုလှုံနေကြ သည့် အသက်(၁၈)နှစ် အထက် တိုက်ပွဲရှောင်ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
နီထွန်းအာင်