ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေးလျက်ရှိ

 

မောင်တော အောက်တိုဘာ  ၆

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉  စတင်ကာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ရုံးနှင့် ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ထိုးနှံ ပေးလျှက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။  

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာ ကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင် နှင့် အသက်(၂) နှစ်အောက်များအား  နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် အသက် (၂) နှစ် အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်း ရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုး နှံပေး လျက်ရှိသည်။

 

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အ သက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့(၇)ဖွဲ့ ခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် အောက်တိုဘာ (၆) ရက်နေ့မှ စ၍  အောက်တိုဘာ (၉) ရက်နေ့အထိ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးခြင်း များကို  ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး