မင်းပြား အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ စုပေါင်းပြီး မင်းပြား မြို့ရှိ ကုတင် (၅ဝ) ဆေးရုံအား ကုတင် (၁ဝဝ) ဆေးရုံကြီးအဖြစ် တိုးချဲ့ ဖွင့်လှစ်နိုင်ရေး အတွက်ဆွေးနွေးပွဲကို ယမန်နေ့ကအမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အစည်းအဝေး ခမ်းမ၌ကျင်းပပြုလုပ်သည်။
ထိုသို့ဆွေးနွေးပွဲတွင်ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊မြို့ဖများ၊ ပညာရေးဖောင်ဒေးရှင်း၊ သွေးအလှူရှင်အသင်း၊ ကျိန်းရိပ်ကရုဏာအဖွဲ့၊နာရေးဖောင်ဒေးရှင်း၊ ဦးဉတ္တမဖောင်ဒေးရှင်း၊ ပရဟိတလူငယ်အသင်း၊ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မာရမာကြီးတိုင်းရင်းသားကိုယ်စား လှယ်များ၊နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီးမင်းပြားမြို့တွင် လူဦးရေများပြား လာပြီးမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင်လူနေထူထပ်လာသဖြင့် ကုတင် (၅၀) ဆံ့ဆေးရုံအား ကုတင်(၁၀၀)ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေး ကြရာ တက်ရောက်လာသူများက မင်းပြားမြို့နယ်၏ နယ်မြေကျယ်ဝန်းမှု၊ ပေါက်တော၊ မြေပုံမြို့နယ်များမှ လာရောက် ဆေးကုသခြင်း များပြားလာသဖြင့် ဆေးရုံ၌ဆရာဝန်များခန့်ထားမှု လိုအပ်ခြင်း၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း များလိုအပ်ချက်များကို အကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ ကုတင် (၁၀၀)ဆံ့ ဆေးရုံရရှိရေးကော်မတီတစ်ရပ်အား အောင်မြင်စွာဖွဲ့စည်းပြီး ကုတင်(၁၀၀)ဆံ့ ဆေးရုံရရှိရေးအတွက် သက်ဆိုင်ရာဌာနသို့တင်ပြပြီး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်(ပြန်/ဆက်)