မံစီ အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ၂၀၂၁-၂ဝ၂၂ ခုဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း စီမံကိန်းကျေးရွာများရွေးချယ်ရာ၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့်ကျေးရွာ၊ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းဆောင်မှု အားကောင်းသည့် ကျေးရွာများကို ရွေးချယ်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက ကျေးရွာရွေးချယ်မှု စံနှုန်းများနှင့် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေး အကြံပြုခဲ့ကြရာ နမ့်မဖွဲကျေးရွာအုပ်စု ဂါးရာယန်ကျေးရွာအား စီမံကိန်းကျေးရွာအဖြစ် အတည်ပြုရွေးချယ် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)