ပင်လယ်လိပ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းကွင်းဆင်းစစ်ဆေး

 

ငပလီ အောက်တိုဘာ  ၆

 

ပင်လယ်လိပ်ဥများစားသုံးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် လိပ်ထိန်းသိမ်းရေး အဖွဲ့(kisca)တိုပူးပေါင်း၍ ပင်လယ်လိပ်ဥများတွေ့ရှိသည့် ဂျိုင်ကြီးကျေးရွာသို့ ယမန် နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ ပင်လယ်လိပ်များမျိုးတုန်းမှုမှ ကာကွယ်နိုင်ရေးကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ရခိုင် ကမ်းရိုးတန်းဒေသသို့ ပင်လယ်လိပ်ကြီးများလာရောက်ဥချနှုန်းမှာ ၂၀၁၉-ခုနှစ်တွင် လိပ်အကောင်ရေ များပြားစွာတွေရှိရသော်လည်း ယခုနှစ်ပိုင်းတွင် လိပ်အကောင်ရေတစ်နှစ်ထက်တစ်နှစ် လာရောက်ဥချ နှုန်းလျော့နည်းလာသည်ကိုလည်း လိပ်ထိန်းသိမ်းရေးအဖွဲ့ (kisca) ၏ လေ့လာဆန်းစစ်ချက် အရသိရ သည်။ ထိုပင်လယ်လိပ်ကြီးများ မျိုးတုန်းခြင်းမှကာကွယ်နိုင်ရေးအတွက် လိပ်သောင်ခုံဧရိယာဇုံ (၃)ဇုံ သတ်မှတ်ထားပြီး ၎င်းဇုံအတွင်းရှိ ဒေသခံပြည်သူများအား လိပ်ဥများတူးဖော်စားသုံးမှုမရှိစေရေး အသိပညာပေးခြင်း ၊ ဆိုင်းဘုတ်စိုက်ထူပေးခြင်း ၊ လက်ရှိပင်လယ်လိပ်ချခဲ့သည့် နေရာများအား ခြံစည်းရိုးများကာရန်ထားပြီး ဒေသခံပြည်သူ များအား ပင်လယ်လိပ်မျိုးတုန်းခြင်းမှကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနနှင့် လိပ်ထိန်းသိမ်းရေး အဖွဲ့(kisca)တိုပူးပေါင်ဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။

 

အဆိုပါ ပင်လယ်လိပ်ကြီးများ၏ လိပ်မတစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်မှာ (၂) ကြိမ်ဥချ လေ့ရှိပြီး တစ်ကြိမ်ဥချလျင် ဥအလုံးရေ (၁၀၀) ကျော်ခန့်ထိဥချနိုင်သလို ဥချပြီးအချိန်တွင်လည်း ကမ်းစပ်မှ ပင်လယ်ပြင်ပြန်ဆင်းချိန်(၃)နာရီခန့်ကြာမြင့်ကြောင်းသိရသည်။ ၎င်းပင်လယ်လိပ်ကြီးဥများ ကို ဒေသခံ ပြည်သူများဥများစားသုံးမှုမှကာကွယ်ရန် ဇုံ(၃) ဇုံအတွင်းရှိ ရေလုပ်သားများနှင့်လိပ်ထိန်း သိမ်းရေးအဖွဲ့ (kisca) ပူးပေါင်း၍ ဇုံနယ်မြေအတွင်း ဥချရာသီတွင် နေ့စဉ် ညဦးအချိန်နှင့်မိုးသောက် ယံအချိန်များ ပုံမှန်စောင့်ကြည့်ခြင်းမျိုးရှိပြီး ရခိုင်ကန်းရိုးတန်းဒေသတွေမှာ ပင်လယ်လိပ်အမျိုးအစား (၅) မျိုးတွေ့ရတတ်သော်လည်း ပုံမှန်အားဖြင့် လိပ်လောင်းအမျိုးအစားများသာ ကြုံတွေ့ရတာများ ပါတယ်။ ပင်လယ် လိပ်များမျိုးတုန်းမှုမှကာကွယ်နိုင်ရန် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်မှသာ လိပ်မျိုးတုန်းမှုမှကာ ကွယ်နိုင်မှာဖြစ်ပြီး ပင်လယ်လိပ်များမျိုးမည့်အရေး စိုးရိမ်မိပါကြောင်း လိပ်ထိန်း သိန်းရေးအဖွဲ့ဝင် ကိုသားကြီးထံမှသိရသည်။

 

ရန်ငြိမ်း