ဂွမြို့နယ်တွင် စက်တင်ဘာလ(၂၀)ရက်နေ့မှအောက်တိုဘာလ(၅)ရက်နေ့ထိကိုဗစ်ကာကွယ်ဆေးထိုးနှံသူ(၈၆၃၄) ဦးပြီးစီး

ဂွ         အောက်တိုဘာ     ၆

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့်ရောဂါပိုးကူးစက် ပြန့်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်ပြီးစုရပ်(၃)ခု ၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုစက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၈၆၃၄)ဦးရှိကြောင်း သိရသည်။

 

ဂွမြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၅)နှစ်အထက်ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ ၊မသန်စွမ်း/နာတာရှည်များ၊ပုဂ္ဂလိက အလုပ်ရုံဝန်ထမ်းများ၊ NGOများ၊သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊စျေးသူ/စျေးသားများနှင့် ပရဟိတအဖွဲ့များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ(၈၆၃၄)ဦး ထိုးနှံပေး နိုင်ခဲ့ပါသည်။ ကာကွယ်ဆေးမထိုးရသေးသည့် မိဘပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက်ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးရန်စုရပ်ဖြစ်သည့်ဂွမြို့၊ သာသနာ့ဗိမ္မာန်နှင့်ကျိန္တလီထွေ/အုပ်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံ သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်း တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့်ဌာန ဆိုင်ရာဝန် ထမ်းများကကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

 

ရွှေရည်ဝင်းကျော်