မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာဦးစီးဌာနမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်း များ ရရှိလာစေရန် ရည်ရွယ်၍ မကွေးတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အလယ် တန်း၊ အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။