ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင် စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်​​ရေးကတ်ပြားများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁နာရီ၃၀မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဗထူးခန်းမ၌ ကျင်းပခဲ့ပါသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

လောင်းလုံးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြူလုပ်ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်၁၉ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်း ချက်များ နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ ၁၈ နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ခန်းမ၌ ၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

လှိုင်မြို့နယ်တွင် အသက်(၅၅)နှစ် မှ (၆၄)နှစ် အတွင်းရှိ ရပ်ကွက်နေ ပြည်သူများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံခြင်းဆက်လက်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မြို့နယ်၊အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ယနေ့နံက် ၉နာရီ အချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက် နေပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စုပေါင်း (၁၅၉၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင်အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊စေတနာ့ဝန်ထမ်းများနှင့်အများ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၉နာရီကဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁)ရပ်ကွက်၊ကမ္ဘောဇလမ်းရှိ အမက(၃)မူလွန်ကျောင်း၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင်လည်းကာကွယ်ဆေးလာရောက်ထိုးနှံကြ သူများ ကို၊ ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်စီဂျင် လည်ပတ်မှု နှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်း၊တို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေး များထိုးနှံပေး လျက်ရှိသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ပန်းခင်းစီမံချက်လုပ်ငန်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး ခရိုင်/မြို့နယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးများနှင့်တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပန်းခင်းစီမံချက် လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်များမှ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးများအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၆၅)နှစ်အထက်နှင့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အကျဉ်းသူ/သားများ လူမျိုးဘာသာမရွေး ဦးစားပေးအစီအစဉ်အလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူ အောက်တိုဘာ ၁ ရက်နေ့အထိ ၁၂၅၅၈ ဦး ရှိ‌‌ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း(၂)ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေပြီဖြစ် သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ပေါ့ဆ၍ မရကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
Subscribe to