ဆိပ်ဖြူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊သူများကို Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ် ဆရာ၊ ဆရာမများတက်ရောက်ကြပြီး အလယ်တန်း၊ အထက်တန်း ကျောင်းများမှ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာကျောင်းများမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား ၊ ကျောင်းသူများ၏ အမည်စာရင်းများအား ပြည့်စုံစွာ ကြိုတင်ပြင်ဆင်ထားရှိရေး ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအားကြိုတင်အကြောင်းကြားထား ကြရန်နှင့် ဆေးထိုးနှံသွားမည့် အဖွဲ့အစည်းများဖွဲ့စည်းပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး တာဝန်များ ခွဲဝေဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌဦးအောင်ကျော်အေးက ဆွေးနွေးပြောကြားသည်။
ဆိပ်ဖြူမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ သူများကို Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးနိုင်ရေး အတွက် စုရပ် ၅ ရပ် လျာထားပြီး အခြေခံပညာအထက်တန်းကျောင်းများ တည်ရှိရာ ( ဆိပ်ဖြူ မြို့ပေါ်၊ အောက်ဆိပ်ကျေးရွာ၊ လက်ဆည်ကျေးရွာ၊ ကဇွန်းမကျေးရွာနှင့် အင်းကန်ကျေးရွာ) နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)