ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ အား “ပန်းခင်း” စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီကခနောင်တို အရှေ့ ရပ်ကွက်ရုံးတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ရုံးမှ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဒေသ တွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်း ရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စု စာရင်း/ကိုင် ဆောင်လက်မှတ်မရှိသူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း လျှောက်ထားရာတွင် ပူးတွဲပါရှိ ရမည့် သတ်မှတ် အထောက်အထား စာရွက်စာတမ်းများဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းရီ နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ မြို့နယ် စာရင်းအရ အိမ်ထောင်စု ၉၈၇၉ စု၊ လူဦးရေအားဖြင့် ကျား ၁၉၅၈၃ ဦး၊ မ ၂၀၁၄၅ ဦး စုစုပေါင်း လူဦးရေ ၃၉၇၂၈ ဦး ရှိပြီး၊ အဆိုပါ “ပန်းခင်း”စီမံချက်ဖြင့် မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း ကို ရပ်ကွက် အလိုက် သတ်မှတ်စုရပ်များတွင် ဆက်တိုက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု ၁၄၁ စုအား အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ် ပေးခဲ့ပြီး၊ မြို့နယ်နေပြည်သူ ၆၈၃ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝေယံ(IPRD)