ဘားအံမြို့၌ အခြေခံဘောလုံးသင်တန်းဖွင့်လှစ်ခြင်းနှင့် အသက်(၁၂)နှစ်နှင့် အထက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ မည့် အစီအမံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ အောက်တိုဘာ ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံး ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မိုးလုံ လေလုံပြည်နယ်အားကစားရုံ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံခိုင်သန်စွမ်းလာစေရန်နှင့် ထူးချွန် ထက်မြက်သော ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကန့်သတ်စည်း မျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ်သည့်သင်တန်းမှာ ဘောလုံးအခြေခံ အဆင့်ကိုသာ ပို့ချ‌ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက မိမိတို့ စိတ်ပါဝင်စားသည့် ဘောလုံးအားကစားနည်းကို ပိုမိုကျွမ်းကျင်ပိုင်နိုင်မှု ရှိလာစေရန် ထပ်မံလေ့လာလိုက်စား ကစားသွားကြဖို့လိုကြောင်း၊ စေတနာ၊ဝါသနာဖြင့် သင်ကြားပို့ ချပေးကြမည့်သင်တန်းနည်းပြများနှင့် သင်တန်း ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးသူများအားလုံးကို အထူးကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဘားအံမြို့ပေါ် ရပ်ကွက်များရှိ အသက်(၇)နှစ်မှ (၂၀)နှစ်ကြား သင်တန်းသား(၅၀) ဦး တက်ရောက်ကြပြီး လက်ရွေးစင်ဘောလုံးအားကစားသမားဟောင်းများက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ကာ သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကာယ ဗလနှင့်အလေး မအား စကားခန်းမ၊ စားပွဲတင် တင်းနစ်အားကစားခန်းမတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး အားကစားလေ့ကျင့်   ခန်းဆောင်ရွက်ရန် သင့်တော်ခြင်းမရှိသည့်အတွက် အားကစားခန်းမသစ်အား တည်ဆောက်ပေးသွားရန် လမ်းညွှန်မှာကြား ခဲ့ကာ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး တိုးချဲ့ကွက်သစ်တွင် နှစ်ထပ် အားကစား ခန်းမသစ် တည်ဆောက် ပေးနိုင်ရေး မြေနေရာအား သွားရောက်ကြည့်ရှု့ခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အတွင်း သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် အသက်(၁၂)နှစ်နှင့် အထက် ကလေးငယ်များကာကွယ်ဆေးထိုးနှံမည့်အစီအမံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်း အဝေး ခန်းမ(၁)၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကလေးငယ်များ၏ ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိစေရေး စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အသက်(၁၂)နှစ်နှင့် အထက် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို မကြာမီထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တိကျသည့်စာရင်း များပြုစုထားဖို့လိုကြောင်း၊ ပြည်သူတစ်ရပ်လုံးကာကွယ် ဆေးထိုးလုပ်ငန်းစဉ်နှင့် ရောထွေး၍မရဘဲ သီးခြားဆေးထိုးအဖွဲ့များ ဖွဲ့စည်းသွားဖို့လိုကြောင်း၊ မြို့နယ်တိုင်းတွင် ကာကွယ်ဆေးထိုးစုရပ် အနည်းဆုံး(၅)နေရာခန့်ထားရှိသွားဖို့လိုပြီး ကာကွယ် ဆေး ထိုးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်လုံလုံခြုံခြုံဖြင့် ထိုးနှံပေးသွားရမည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း တစ်ရက်လျှင် တစ်သောင်းနှုန်းဖြင့် (၅)ရက်အတွင်း ထိုးနှံပြီးစီးနိုင်ရန် ရည်မှန်းထားပါကြောင်း၊ အန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ် အချိန်အတွင်း ပြီးစီးနိုင်အောင် စီမံဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ယခုအစည်းအဝေးသို့တက် ရောက်လာသူ များက လိုအပ်သည်များ အခက်အခဲများရှိပါက ဆွေးနွေးတင်ပြကြစေလိုပြီး ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က သက်ဆိုင်ရာ ခရိုင်/မြို့နယ် အလိုက် ကာကွယ်ဆေးထိုးနှံပေးမည့်စီမံချက်များအားရေးဆွဲ၍ ပြန်လည်တင်ပြကြရန်နှင့် ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်ကြသော ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။


 

စောမျိုးမင်းသိန်း