ရေဦး၊ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ရွှေနဒီဦးခန်းမတွင် အောက်တိုဘာ ၇ ရက်နံနက် ၁၀ နာရီကအသက် ၈၅ နှစ်နစ်အထက်သက်ကြီး ဘိုးဘွားများ အတွက်တတိယအကြိမ်လူမှုရေးပင်စင်နှင့် ပထမအကြိမ်မသန်စွမ်း သူများ အတွက်ထောက်ပံငွေများ ပေးအပ်သည့်အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမင်းနိုင်ထွန်း၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်မျိုးမျိုးထိုက်၊ ဒုမြို့နယ်အုပ်ချုပ်ရေး မှုးဦးကျော်မင်းခိုင်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှုး ဦးမောင်မောင်ဆွေ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ ဘော်လန် တီယာများ၊ရပ်ကွက်ကျေး ရွာအုပ်စုများမှသက်ကြီးဘိုးဘွားနှင့်မသန်စွမ်းသူ ၃၅ ဦးတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တတိယအကြိမ်သက်ကြီးဘိုးဘွားလူမှုရေးပင်စင်၊ ပထမအကြိမ်မ သန်စွမ်းသူများတွက်ထောက်ပံ့ငွေ ပေးအပ်နိုင်ခဲ့မှုနှင့် ဆက်လက် ထောက်ပံ့ပေး သွားမည့်အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသောအဖွဲ့အစည်းအသီးသီးမှ တာ၀န်ရှိသူများ က သက်ကြီးဘိုးဘွားများနှင့်မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ် ခဲ့ကြသည်။ တတိယအကြိမ် သက်ကြီးဘိုးဘွား ၁၁၉၁ ဦး၊ မသန်စွမ်းသူ ၇၃၃ ဦးတို့အားတစ်ဦး လျှင်ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ (သုံးသောင်းကျပ်) နှုန်းနှင့်အတူRoyal D အချိုရည်ဘူး၊ ကော်ဖီမစ်အထုပ်ကြီး တစ်ထုပ်တို့ကိုထောက်ပံ့ပေးခဲ့ကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးဘိုးဘွားနှင့်မ သန်စွမ်းသူများအတွက်ထောက်ပံ့ငွေများကို သက်ဆိုင်ဆိုင်ရာရပ် ကွက်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
"ရပ်ကွက်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်ရပ်ကွက်ကျေးရွာ အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းသူများကို လူမှုရေး ပင်စင်နှင့်ထောက်ပံ့ငွေများ လက်၀ယ်အရောက်ဆက်လက် ထောက်ပံ့ပေး အပ်သွားမည်ဖြစ် ကြောင်းအောင်မင်္ဂလာရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မင်းက ပြောသည်။
ရေဦး