တောင်သာမြို့နယ်တွင် လုပ်ငန်းလျာထားချက်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအမံ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်သာ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်တောင်သာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းလျာထားချက်နှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်း အစီအမံများတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ အခြေခံပညာကျောင်းများမှ (၁၂)နှစ်အထက် ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အောင်မြင်စွာ ထိုးနှံပေးနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ် ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းလျာထားချက်များကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)