တနင်္သာရီ အောက်တိုဘာလ ၁၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်းမှာ ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာလယ်တန်းနှင့်အထက်တန်း များ (၆၄)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ(၃၉၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းဆောင်ရွက်မည့် စီမံချက်ပါအတိုင်း မှန်ကန်ပြည့်စုံစွာဖြင့် VIMS စနစ်သို့ ဖြည့်သွင်းခြင်းဆိုင်ရာ Excel Data ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲကို ပြုလုပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ပညာရေး မှူး ဦးခင်ဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးနှင့် မြို့နယ်ပညာရေးဌာနမှ ဆေးထိုး စာရင်းရေးသွင်းရန် တာဝန်ပေးထားသည့် ဆေးထိုးအုပ်စု(၅)ခုတို့မှ ဆရာ/မ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက မြို့နယ်အတွင်း ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့မှစ၍ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျော်းအပ်နှံထားပြီးဖြစ် သည့် အသက်(၁၂)နှစ်မှ (၁၇)နှစ်အတွင်း ကျောင်းသား/သူပေါင်း(၃၉၆၃)ဦးတို့အား ကျောင်း အုပ်စု(၅)ခုဖြင့် တစ်ပြိုင်တည်းထိုးနှံ ပေးကြမည်ဖြစ်၍ စီမံချက်ပါအတိုင်း Excel Data ဖြည့်သွင်းခြင်း မှန်ကန်စေရေး ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က သတ်မှတ်ထားသည့် စာရင်းရေးသွင်းမှုမှန်ကန်စေရေး အမှာစကားပြောကြား ပေးသည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံမှု အချက်အလက်များကို VIMS စနစ်သို့ဖြည့်သွင်းခြင်းဆိုင်ရာများ၊ Excel Data စာရင်းပြုစုဖြည့်သွင်းနည်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပေးပြီး သိရှိလိုသည်များပြန်လည်ဖြေကြားကာ မြေပြင်၌ စာရင်းဖြည့်သွင်းရာတွင် အခက်အခဲ မရှိဘဲ မှန်ကန်စေရန်အတွက် စာရင်းဖြည့်သွင်းပြုစုနည်းများ လက်တွေ့ဆောင်ရွက်ကြကြောင်း သိရှိသည်။
ထို့အပြင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (အခမဲ့) ဖြန့်ဝေပေးသည့် အခြေခံပညာကျောင်းများ ဆေးထိုးအုပ်စု(၅)စုအတွင်း ကျောင်းသား /သူများ ကာကွယ် ဆေးထိုးနှံရေး ကပ်ထားကြေညာပေးနိုင်ရန် (၂ပေ-၃ပေ)အသိပညာ ပေး ဗွီနိုင်းပိုစတာ(၂)ချပ်စီကိုလည်း တပါတည်းထုတ်ပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)