ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၇၂၉၇)ဦးအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိ

မောင်တော အောက်တိုဘာ   ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူ(၇၂၉၇)ဦးအား  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော  Sinovac အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများ အား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော  Sinovac အမျိုးအစား ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် သက်ဆိုင်ရာ အလယ်တန်း၊ အထက်တန်း ကျောင်း၊ မူလတန်းလွန် ကျောင်းများရှိ သတ်မှတ်စုရပ် (၅၃)နေရာတွင် ကာကွယ် ဆေးထိုး နှံနိုင်ရန်အတွက်  မောင်တောမြို့နယ် အလယ်တန်းကျောင်းများရှိ ကျောင်းသား(၃၇၈၀)ဦး၊ ကျောင်းသူ(၁၉၂၅)ဦး၊ စုစုပေါင်း(၅၇၉၅)ဦးနှင့် အထက်တန်း ကျောင်းများရှိ ကျောင်းသား(၁၀၄၃)ဦး၊ ကျောင်းသူ(၄၅၉)ဦး၊ စုစုပေါင်း(၁၅၀၂)ဦး ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူ စုစုပေါင်း(၇၂၉၇)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကာကွယ် ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိရာ ဆေးထိုးစုရပ်တွေကိုတော့ ကျောင်းသား၊ ကျောင်းသူတွေရှိတဲ့ နီးစပ်ရာကျောင်းတွေမှာ စီမံဆောင်ရွက်ထားရှိပြီး အလွယ်တကူ လာရောက်နိုင်တဲ့  နေရာတွေကို ရွေးချယ်ကာ  စီမံဆောင်ရွက်ထားရှိ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်ထံမှ သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)