ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံ

ပေါက်တော         အောက်တိုဘာ  ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စုရပ်၊ မြို့နယ် အားကစား ခန်းမစုရပ်နှင့်၊ ကျေးလက် ကျန်းမာရေးဌာနစုရပ် (၁၀)နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်ဆက်ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည်ရှုပြီး ပထမအကြိမ်ထိုးနှံ ပြီးခဲ့သော်လည်း ဒုတိယအကြိမ် ထိုးနှံသည့်အခါ မပျက်မကွက် အလေးအနက်ထားပြီး လာရောက် ထိုးနှံကြစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်ဆောင်ရန် အချက်အလက်များ ကို လိုက်နာကြစေလိုကြောင်း မှာကြားပေးသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးကြသည်။

တဆက်တည်းမှာပင်၊ ကျေးလက်ကျန်းမာရေး ဌာစုရပ်များသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြီးကြပ်ခြင်းများ ဆောင်ရွက်ကြလျက်၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။

ပေါက်တောမြို့ပေါ် သာသနာ့ဗိမာန်စုရပ်၊ မြို့နယ်အား ကစားခန်းမစုရပ်၊ ကျောက်တောင် တိုက်နယ်ဆေးရုံစုရပ်၊ ကျောက်စုကျေးလက် ကျန်းမာရေးဌာနစုရပ်၊ မြင့်ဂါကျေးလက် ကျန်းမာရေးဌာနစုရပ်၊ ဆင်တက်မော် ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ သပြေကန် ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ အလယ်ကျွန်း ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ သဝင်ချောင်း ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ ချောင်းဝကျေးလက် ကျန်းမာရေးဌာနစုရပ်၊ ဂြင်းချောင်း ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ ပြိုင်းတောင် ကျေးလက် ကျန်းမာရေးဌာနစုရပ် တို့အပါအဝင် စုရပ်(၁၂)နေရာတို့၌ ကာကွယ်ဆေး ထိုးနှံလာကြသူ အမျိုးသား/ အမျိုးသမီး စုစုပေါင်း (၄၅၇၅)ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။

ကျော်သန်း(မြို့နယ်ပြန်/ဆက်)