ပိုင်ကျုံမြို့တွင်ပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှိုးဆော်ချက်များအသိပေးနှိုးဆော်

ပိုင်ကျုံ   အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊    ဘားအံခရိုင်၊  ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို  အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ကာကွယ်ဆေးထိုးရန်စုရပ် ဖြစ်သည့်   ပိုင်ကျုံမြို့   အခြေခံပညာအထက်တန်းကျောင်းတွင် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ချက်များကြေညာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်တာဝန်ရှိသူတို့က ပူးပေါင်း၍    ကာကွယ်ဆေးလာရောက်ထိုးနှံသည့်    ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်ပတ်သက်သောအချက်များကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မိဘပြည်သူများအနေဖြင့်  မမဖြစ်မနေအိမ်တွင်း၌သာနေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များလက်မခံကြပါရန်နှင့်  မိမိတို့ကလည်း အခြားသူများထံသွားရောက် ခြင်းမပြုကြရန်၊   အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက    ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ် တကျတပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ပါးစပ်နှင့် နှာခေါင်းစည်းမတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊  အရာဝတ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင်  စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ် နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊     လေဝင် လေထွက်မကောင်းသောအခန်းများ   သွားလာခြင်းမှရှောင်ပါ၊  သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက  ဝေဒနာပြင်းထန်စွာခံစားရပြီး   အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု   သံသယရှိပါက နီးစပ်ရာကျန်းမာရေး   ဌာနများသို့ ဆက်သွယ်၍  မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို    ဆက်လက်လိုက်နာပါစသည့်ဆောင်ရန်/ ရှောင်ရန်အချက်များအား    နှိုးဆော်ပေးခဲ့ကြောင်း သိရ သည်။

ပိုင်ကျုံ (ပြန်/ဆက်)