မလှိုင်မြို့၌ ပိုမိုထိရောက်မြန်ဆန်သော ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မလှိုင် အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်သော ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆေးနွေးပွဲကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ဆွေးနွေးပွဲ မစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်း  ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဝန်ထမ်းများအား တိုက်နယ် အလိုက် အုပ်စု (၅) စုခွဲကာ ပိုမိုထိရောက်မြန်ဆန်သော ရုံးလုပ်ငန်းများဆီသို့  အလုပ်ရုံ ဆွေးနွေးပွဲခေါင်းစဉ်နှင့် ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အသွင်သဏ္ဍန်ရော အနှစ် သာရပါ ယခုထက် ပိုမိုကောင်မွန်ရေး ကုန်ကျမှုအသက်သာဆုံး နည်းလမ်းဖြင့် မည်သို့ ဆောင်ရွက် သင့်သည်၊ ဌာနအကြီးအကဲပေါ် အားမလိုအားမရဖြစ်နေမှုများ ရှိနေခဲ့လျှင်  မည်သို့ ပံ့ပိုးပြုပြင် သင့်သည်၊ ရုံးဝန်ထမ်းများ ပြုမူနေထိုင်မှုနှင့်ပတ်သက်၍ ပြုပြင်သင့်၊ ဖြည့်ဆည်း ပေးသင့်သည့် အချက်များ စသည့် ခေါင်းစဉ်(၃)ခုဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်  မြို့မ၊ မှရိုး၊ ဆည်တို၊ နှောကန်၊ ကျောက်တန်း တိုက်နယ်များမှ  အစုအဖွဲ့ ခေါင်း ဆောင်များမှ တစ်ဦးချင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ဖိတ်ကြားထားသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   အငြိမ်းစားဝန်ထမ်းဟောင်းများအသင်းမှ အဖွဲ့ဝင်တစ်ဦးက ဖြည့်စွက် ဆွေးနွေးခဲ့ကြ သည်။

ထို့နောက် တင်ပြမှုများနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

အောင်ဌေး(မလှိုင်)