နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ(၀.၇)ပေ ဆက်လက် ရေကျော်ကျလျက်ရှိ

နတ်မောက် အောက်တိုဘာ  ၄

မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေပိုလွဲမှ(၀.၇)ပေ ဆက်လက်ရေကျော် လျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံမှ သိရသည်။

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ(၃)ရက်နေ့တွင် တမံရေပြည့်အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၃.၈ ပေရှိ၍ (၀.၈)  ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိခဲ့ပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၃.၇ ပေရှိပြီး(၀.၇)ပေ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့နတ်မောက်မြို့နယ်မှာ အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုများတာကြောင့် ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်မရှိပါဘူး၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံ ဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါတယ်။ တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေတွေကို ဒေသခံ ပြည်သူတွေ သိရှိအောင် အချိန်နဲ့တပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ထားပါတယ်’’´ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်းထံမှ သိရသည်။

သင်းသင်းမြတ်