မင်းဘူး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးထား၍ အမြန်ဆုံးပြန်လည် သက်သာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

မင်းဘူး အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့မှာလည်း ကိုဗစ်-၁၉ရောဂါ ကူးစက် ခံရသာ်လည်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့အတွက် ရောဂါလက္ခဏာ ကြီးကြီးမားမား မခံစားရဘဲ အမြန်းဆုံး ပြန်လည်ကျန်းမာလာသူတစ်ဦးရဲ့ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရပါသည်။

ပြန်လည်ကျန်းမာလာသူ။      ။မယမင်းကြူကြူ

တွေ့ဆုံမေးမြန်းသူ။       ။ဒေါ်သူဇာစိုး ဒုတိယဦးစီးမှူး မင်းဘူးခရိုင်ပြန်/ဆက်ရုံး

မေး။      ။ညီမလေး ကိုဗစ်-၁၉ရောဂါ ဘယ်လိုကူးစက်လာသလဲဆိုတာ ပြောပြပေးပါအုံး။

ဖြေ။    ။ဟုတ်ကဲ့ ညီမတို့လဲ ကျန်းမာရေးဂရုစိုက်တဲ့ကြားက ဖြစ်ပေါ်လာတာရှင့် အပြင်သွားရင်(Mask) တပ်တယ်။ ပြန်လာရင် လက်ကိုစက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောတယ်။ ရောဂါစကူးတာက ကျွန်မ ညီမကစဖြစ်တာပါ။ ရောဂါလက္ခဏာမပြဘဲ အနံ့ပျောက်နေတာနဲ့ သူ့ကို ဆေးရုံကြီးမှာပို့ပြီး ဆေးစစ်ခိုင်းလိုက်တော့ ပိုးတွေ့သွားပြီး ဆေးရုံကြီးကနေ စက္ကိန်းတဲ Quarantine Centre ကိုပို့လိုက်တာ။ အဲဒီအချိန်မှာ ညီမက ရောဂါကူးစက်မှု မရှိသေးဘူး။ အဖေတို့ အမေတိုကတော့ အဲဒီလက္ခဏာတွေ ပြနေပြီပေါ့နော်။ တစ်ယောက်တွေ့လျှင် တစ်အိမ်လုံးစစ်ရမယ်ဆိုတော့ ညီမသွားစစ် လိုက်ရင်းက စက္ကိန်းတဲ Quarantine Centre ကိုရောက်သွားတာ။

မေး။      ။ကျူစင်တာ ရောက်သွားတဲ့အချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ဘယ်လို ဆောင်ရွက် ပေးပါသလဲ။

ဖြေ။   ၊၊ကျူစင်တာရောက်တော့ အားဆေးပေးတယ်။ အောက်ဆီဂျင်လိုအပ်တဲ့သူတွေကို အောက်ဆီဂျင် တိုင်းပေးတယ်။ အမြဲတမ်း Mask တပ်ခိုင်းပြီး အောက်ဆီဂျင်များ တိုင်းပေးကာ ထူးခြားမှုရှိလျှင် သူတို့ကို သတင်းပို့လို့ ပြောပါတယ်။ နောက် အသက်ရှူကြပ်တဲ့သူ ရှိလျှင်တော့ ဆေးရုံကြီး ပို့ပေးပါတယ်။

မေး။   ။ညီမလေး အဲဒီစင်တာမှာ ဘယ်နှစ်ရက် ဆေးကုသမှုခံယူခဲ့သလဲ။ ကျူစင်တာက ပြန်လာတဲ့အခါမှာ ဘယ်လို စားသောက်နေထိုင်သလဲ။

ဖြေ။     ။ ၁၀ရက်ပါရှင့်။ ကျူစင်တာက ပြန်လာတဲ့အချိန်မှာ ၁၀ ရက်ခွဲနေပြီး ကိုယ့်ဖာသာ ချက်ပြုတ်စား သောက်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားတဲ့အတွက် ဘာရောဂါမှ ထွေထွေထူးထူး မခံစားရပါဘူး။ အနံ့ပျောက်တာကလွဲလို့ ဘာမှထူးခြားမှုမရှိပါဘူး။

မေး။ ။ညီမအနေနဲ့ တစ်ခြားသူများကိုရော ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမခံစားရအောင် ဘာများပြောပြချင် ပါသလဲ။

ဖြေ။   ။ဟုတ်ကဲ့ညီမအနေနဲ့ ပြောပြချင်တာကတော့ အပြင်သွားလျှင် Mask တပ်ပါ။ အပြင်ကပြန်လာ ပြီးတိုင်း လက်ဆေးပါ။ အဟာရပြည့်ဝအောင် စားသုံးပြီး အိပ်ရေးဝဝအိပ်ပါ။ ကျန်းမားရေးကိုဂရုစိုက်ပါ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း ထိုးဖြစ်အောင် အကြိမ်ရေပြည့် ထိုးကြပါလို့ ပြောချင်ပါတယ်။

ဇေယျာထက် (မင်းဘူး)