တနင်္သာရီမြု့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံ

တနင်္သာရီ    အောက်တိုဘာ    ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပြည်သူများအကြား ကူးစက်ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသော ဦးတင်လင်း၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

ဦးတင်လင်း(ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့)

ကျွန်တော်ကတော့ ဦးတင်လင်းဖြစ်ပါတယ်၊ တိုးချဲ့(၃)လမ်း၊ ချောင်းကြီးရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပါတယ်၊ ကျွန်တော် ကိုဗစ် စတင်ခံစားရတာကတော့ တနင်္သာရီမြို့နယ်ကို Lock Down စချတဲ့ ဩဂုတ်လ(၂၆)ရက်နေ့မှာ ရပ်ကွက်အတွင်း ကတ်ပြားများဝေရန်အတွက် လိုက်ပါဆောင်ရွက်နေရင်း၊ တကိုယ်လုံးညောင်းညာကိုက်ခဲလာဖြင့် အိမ်သို့ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ချိန်တွင် အေးလွန်းသဖြင့်ရေးချိုး၍မရပဲဖြစ်နေခဲ့ပါတယ်၊ နောက်နေ့တွင် ဆေးခန်းသွားပြရာ ဆရာဝန်ကြီးမှ ဆေးထိုးပေး၍ တနင်္လာနေ့ရောက်ရင် ကိုဗစ်-၁၉ ရောဂါပိုး သွားရောက်စစ်ဆေးရန်ပြောပါတယ်။ ကိုဗစ်-၁၉ သွားရောက်စစ်ဆေးရာ Positsve တွေ့ပါတယ်၊ ပိုးတွေ့ပြီလို့သေချာတာနဲ့ လူအများနဲ့နီးရာတွင် မနေပဲ တစ်ဦးတည်း သီးခြား ထွက်နေလိုက်ပါ တယ်၊ ပြီးတော့ ကျန်းမာရေးကားဖြင့် Positive Centre သို့ သွားရောက်ပြီး ဆေးကုသမှုခံယူခဲ့ပါ တယ်၊ သွေးပေါင်က ကျပါတယ်၊ အောက်ဆီဂျင်ကတော့ 99% ရှိပါတယ်၊ အမြဲလည်း စမ်းသပ်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။ ချောင်းနဲနဲဆိုးတော့ Positive Centre တွင် ဆောင်ရွက်ပေးနေတဲ့ Volunteer သားငယ်လေးက ချောင်းဆိုးပျောက်ဆေးတိုက်လိုက်ရာ ချက်ချင်းပဲ ကောင်းသွားပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်တာ ဝမ်းလည်းသွားပါတယ်၊ ချောင်းလည်းဆိုးပါတယ်၊ (၇)ရက်မြောက်နေ့တွင် အနံ့ပျောက်ပြီး၊ (၉)ရက်မြောက်နေ့တွင် အနံ့ပြန်ရပါတယ်၊ ကျွန်တော်က အစာစား၍မဝင်ပါ၊ ကျွန်တော့်၏ ဘေးမှာ ဆေးကုသမှုခံယူ နေတဲ့ ဒေါ်မိလွမ်ဆိုသည့် အမျိုးသမီးသည် ကာကွယ်ဆေး(၂)ကြိမ်ထိုးထားသဖြင့် ကာကွယ်ဆေး မထိုးသူထက်ပိုခံနိုင်ရည်ရှိကြောင်းကို တွေ့ရပါတယ်၊ ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ် ကာကွယ်ဆေးမထိုးသေးသူများ အခွင့်အရေးရပါက ကာကွယ်ဆေးကို ထိုးကြပါ၊ ကျွန်တော်လည်း ကာကွယ်ဆေး ထိုးလိုရတဲ့ အချိန်ကျရင် ထိုးမှာပါ၊ ကာကွယ်ဆေးမထိုးထားရင် ကိုဗစ်-၁၉ ကူးစက်ခံရလျင် ဆိုးဝါးစွားခံစားရပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါရန် တိုက်တွန်းပါတယ်ခင်ဗျား။

သီသီခိုင်