ပြည် အောက်တိုဘာ ၂
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတာဝန်ရှိသူများက ပြည်ခရိုင်အတွင်း ဒေသခံသတင်းမီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းအမှား၊ သတင်းအတုကိစ္စ၊ သတင်းမီဒီယာကျင့်ဝတ်များ လိုက်နာရန်ကိစ္စရပ်များအား ဆွေးနွေးလမ်းညွှန်မှာကြားခြင်းနှင့် Press Helmet ဦးထုပ်အပါ အဝင်သတင်းမီဒီယာဥပဒေစာအုပ်များ အခမဲ့ပေးအပ်သည့်အခမ်းအနားကို ပြည်မြို့ ခေတ္တရာ မြို့သစ် (၁၀)လမ်းထိပ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ယနေ့ နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှအတွင်းရေးမှူး ဦးမျိုးထွန်းနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ပြည့်စုံ တို့က ဒေသခံသတင်းမီဒီယာများအား တွေ့ဆုံရခြင်း ရည်ရွယ်ချက်နှင့် သတင်းအမှား၊ သတင်းအတုများအကြောင်း၊ သတင်းမီဒီယာ သမားများ လိုက်နာရမည့်ကျင့်ဝတ်များနှင့် သတင်းမီဒီယာဥပဒေဆိုင်ရာများအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြော ကြားပြီးတက်ရောက်လာသော ဒေသခံသတင်းမီဒီယာသမားများအား Press စာတမ်းပါ မော်တော်ဆိုင်ကယ်စီးဦးထုပ်နှင့် သတင်းမီဒီယာဆိုင်ရာ ဖတ်ရှုလေ့လာရန် စာအုပ်စာတမ်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်းဦးစီးမှူး ဦးအောင်ကိုသန့်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသော ဒေသခံသတင်းမီဒီယာသမားများ၏ သတင်းမီဒီယာဆိုင်ရာ သိရှိလိုသည်များနှင့် သတင်းရယူသည့်အခြေ အနေများနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်