နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နတ်မောက်မြို့အထွက် နတ်မောက်-မကွေးကားလမ်းဘေးရှိ ဌာနဆိုင်ရာရုံး များရေဝင်ရောက်လျက်ရှိ

နတ်မောက်   အောက်တိုဘာ   

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ယနေ့နံနက်()နာရီအချိန်ခန့်က မိုးရွာသွန်းမှုကြောင့်နတ်မောက်မြို့အထွက် နတ်မောက်-မကွေးကားလမ်းဘေးရှိ ဌာနဆိုင်ရာရုံးများရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် နတ်မောက်မြို့အနောက်ဘက်ရှိ ကျေးလက်ထိန်းသိမ်းကန် ရေပြည့်ရေလျှံဖြစ်၍ နတ်မောက်မြို့အထွက် နတ်မောက်-မကွေးကားလမ်းဘေးရှိလမ်းမြန်မာ့ လယ်ယာဖွံ့ဖြို့ရေးဘဏ်၊ မြို့နယ်ဘဏ်(ခွဲ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိရုံးနှင့် မြို့နယ်တရာရုံးများတွင် ရေဝင်ရောက်မှုရှိခဲ့ရာ ရုံးတွင်းရှိစာရွက်စာတမ်းများ၊ အရေးကြီးသည့်ရုံး ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း ဌာနဆိုင်ရာအကြီးအကဲများထံမှ သိရသည်။

လှဝင်း