ပင်းတယ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား ဒုတိယအကြိမ် ပထမအသုတ် စုစုပေါင်း လူဦးရေ (၇၉၅)ဦးအား ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၂) ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၊ ကျုံး(အ.ထ.က)နှင့် အင်းငယ်(အ.ထ.ကခွဲ)တို့တွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ဆေးတစ်ပုလင်းလျှင် လူဦးရေ (၅) ဦး ထိုးနှံနိုင်မှာဖြစ်ပြီး၊ ယနေ့ကာကွယ်ဆေးထိုးနှံရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင် (၄၀၀) ဦး၊ ကျုံး(အ.ထ.က)၌ လူဦးရေ (၂၀၅ )ဦးနှင့် အင်းငယ်(အ.ထ.က)မှာ ၁၉၀ ဦး စုစုပေါင်း လူဦးရေ (၇၉၅)ဦးတို့အား စုရပ်များခွဲ၍ ဆေးထိုးနှံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင် ဗိုလ်မှူးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ (ဒေသ ပြန်/ဆက်)