မြို့သစ်မြို့နယ် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (၀ ဒသမ ၂ ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (၂ ဒသမ ၄ ပေခန့်) ရေကျော်ကျလျက်ရှိ

မြို့သစ်  အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာ   သွန်းမှုကြောင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုညဒသမနှစ်ပေခန့်) ရေကျော်ကျမှုရှိပြီး ဆဒ္ဒန် ဆည်ရေလှောင်တမံရေပိုလွှဲမှ (၂ ဒသမ ၄ပေခန့်) ရေကျော်ကျမှုရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅) ဒသမ ၂၀ပေ)ရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀ ဒသမ ၂ပေခန့်) ရေကျော်ကျမှုရှိပြီး ဆဒ္ဒန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၉၀ပေ)ရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၂ ဒသမ ၄ပေခန့်) ရေပိုလွှဲမှရေကျော်ကျလျက် ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏  ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီရေကင်းတာ ဝန်ချထားပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ် အစိမ်းရောင်အလံစိုက်ထူ၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံက သိရသည်။

ဝင်းအိဇွန်