စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် (၅၄၁၅)ဦးထိုးနှံပြီးဖြစ်

စဉ့်ကိုင်   အောက်တိုဘာ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့်(၆၄)နှစ် ကြားပြည်သူများ၊ နိုင်ငံ့၀န်ထမ်းနှင့် မိသားစု၀င်များ  ၊စက်ရုံ ၊  အလုပ်ရုံများမှ ၀န်ထမ်းများ၊  မသန်စွမ်းသူ များ၊ ပရဟိတအသင်း၀င်များ  လူမှုရေးအသင်းအဖွဲ့များအား    ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ပထမ အကြိမ်ထိုးနှံပေးလျှက်ရှိရာ ယနေ့အထိ(၅၄၁၅)ဦးကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ  (ပြည်သူ့ကျန်းမာ)နှင့် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)  ဦးစောအေး (ကျန်းမာရေးမှူး) နှင့်ကျန်းမာရေး၀န်ထမ်းများ   ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေး  ဦးစီးဌာန မှ၀န်ထမ်းများ၊  မီးသတ်တပ်ဖွဲ့၀င်များ ၊  မြို့နယ်ကြက်ခြေနီ  သူနာပြု တပ်ဖွဲ့၀င်များ၊  ပရဟိတ  အသင်းအဖွဲ့၀င်များ၊   ရပ်ကွက် /  ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍   ပထမအကြိမ် ကာကွယ်ဆေး  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့်ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာ များ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များပူးပေါင်းပြီး ဘုန်းတော်ကြီးကျောင်းများ၊  စာသင်တိုက်များ၊    သီလရှင်ကျောင်းများသို့   RDT Test  Kit  ဖြင့် ကိုဗစ်-၁၉ ကူးစက်မှု ရှိ / မရှိ အခမဲ့စစ်ဆေးပေးခြင်း၊ပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊  Hand Spaker ဖြင့်လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ( Mask)များ အခမဲ့ဖြန့်ဝေခြင်း၊ ရပ်ကွက် / ကျေးရွာများအတွင်းဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/   မရှိစစ်ဆေးခြင်း   အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက် ပေးလျက်ရှိပြီး  ကျန်ရှိနေသူများ ကိုလည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထံမှ သိရသည်။

 

 ဝင်းဝင်းသန်း