ကသာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား အောက်တိုဘာ(၄)ရက်နေ့တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကသာမြို့နယ်အနေဖြင့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအသုတ်တွင် လူဦးရေ(၈၅၀၀)ဦးတို့ကို ဒုတိယအကြိမ်အထိ ထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ်တွင် လူဦးရေ(၄၅၀၀)ဦးတို့ကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား အောက်တိုဘာလ(၄)ရက်နေ့တွင် လူဦးရေပေါင်း (၂၀၀၀)ဦးအထိ ကသာမြို့တော်ခန်းမ၌ ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းများကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)