မိုင်းခတ်မြို့တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊တိုက်‌ကျွေးခြင်းများဆောင်ရွက်

မိုင်းခတ်  အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ် ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက မိုင်းခတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲအထိ ကလေးများအား အသက်အရွယ်အလိုက်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေးနှင့်ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုးအစရှိသော ကာကွယ် ဆေးများပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုးဒေ(ပြန်/ဆက်)